မေလ၁၀ရက်၊ဒီနေ့ညနေ ၆နာရီခွဲမှာ ကစားမယ့် AFC Challenge League ဗိုလ်လုပွဲ အတွက် ကမ္ဘောဒီးယားနိုင်ငံက Morodok Techo National Stadium ကတော့ အသင့်ဖြစ်နေပြီဖြစ်ကာပရိသတ် ခြောက်သောင်းဝင်ဆံ့တဲ့ ကွင်းကြီးကို ၂၀၂၁ ကမ္ဘောဒီးယားဆီးဂိမ်းအတွက် ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး ဒီနေ့ညမှာတော့ ကမ္ဘောဒီးယားကလပ် Preah Khan Reach Svay Rieng နဲ့ တာ့မင်နစ္စတန်ကလပ် အာကဒက်အသင်းတို့ရဲ့ ဗိုလ်လုပွဲကို လက်ခံကျင်းပမှာဖြစ်ကာPreah Khan Reach Svay Rieng အသင်းဟာ AFC Challenge League ကွာတားဖိုင်နယ်မှာ မြန်မာလိဂ်ရှုံးပွဲမရှိ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို နှစ်ကျော့ပေါင်း (၇-၄)ဂိုးရလဒ်နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်မှာ အင်ဒိုနီးရှားကလပ် မာဒူရာကို နှစ်ကျော့ပေါင်းရလဒ် (၆-၃)ဂိုးတွေနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။



