ပြည်တွင်းရှိဒေသတစ်ခုမှတစ်ခုသို့ ဆန်များ စီးဝင်စီးထွက်ရာတွင် သတင်းပို့စနစ်ဆောင်ရွက်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ မေ ၉ ရက်က ဆန်ပွဲရုံများ၊ ဆန်လက်လီဆိုင်များ၊ ဆန်အကျိူးဆောင်များနှင့်တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဆန်ရောင်းဝယ်ရာတွင် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်းရောင်းဝယ်ရန်၊ သိုလှောင်ရုံမှတ်ပုံတင်စနစ် MyRO တွင် သတ်မှတ်ချက်များနှင့်အညီမှတ်ပုံတင်ရန်၊ လစဉ်ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းကို သတ်မှတ်ရက်အတိုင်းစာရင်းရေးသွင်းရန်၊ သိုလှောင်ရုံစစ်ဆေးမည့်ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သလိုရည်ညွှန်းဈေးဖြင့် ဆန်ဝယ်ယူရရှိရန်ဆောင် ရွက်ပေးမည့်ကိစ္စများ၊ ဒေသတစ်ခုမှတစ်ခုသို့ ဆန်များ စီးဝင်စီးထွက်ရာတွင် သတင်းပို့စနစ်ဆောင်ရွက်ရန်တို့ကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါတယ်။
ပြည်တွင်းရှိဒေသတစ်ခုမှဒေသတစ်ခုသို့ ဆန်များ စီးဝင်စီးထွက်ရာတွင် သတင်းပို့စနစ်ဆောင်ရွက်ရမည်ဟုထုတ်ပြန်
May 10 • 5:34 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


