နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း ဝင်ပျံကျေးရွာအနီးတွင် အရက်မူးပြီးလမ်းဘေးအိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ယာဉ်နှစ်ကြိမ် ကြိတ်ခံရ၍ သေဆုံးသွားခဲ့ပါတယ်။ယင်းဖြစ်စဉ်မှာ မေလ ၁၀ ရက် နံနက်စောစော (၁) နာရီခန့်တွင် ဝင်ပျံကျေးရွာအနီးရှိ (ယခင်) မိုင်ရိုးမဆီ ဆိုင်တွင် အရက်မူးပြီးလမ်းပေါ်အိပ်ပျော်နေသူဟုယူဆရသည့် အမျိုးသားတစ်ဦးကို ယာဉ်တစ်စီးမှ တိုက်မိပြီးနောက် ယာဉ်တစ်စီးမှလည်း ထိုအမျိုးသားကို ထပ်မံကြိတ်မိခဲ့ကြောင်း သိရပါတယ်။ယာဉ်နှစ်စီးကြိတ်ခံရမှုကြောင့် မျက်နှာများမှခွဲခြားမရနိုင်ကြောင်း ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်ရှိ ကုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းထံမှ သိရပါတယ်။
နေပြည်တော်ကောင်စီနယ်မြေရှိ ရန်ကုန်-မန္တလေးလမ်းဟောင်း ဝင်ပျံကျေးရွာအနီးတွင် အရက်မူးပြီးလမ်းဘေးအိပ်ပျော်နေသည့် အမျိုးသားတစ်ဦး ယာဉ်နှစ်ကြိမ် ကြိတ်ခံရ၍ သေဆုံးသွားခဲ့
May 10 • 5:30 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 17 | 0 | 0 | 0 |


