ယနေ့ည ယှဉ်ပြိုင်ခဲ့တဲ့ ONE Friday Fights 107 အက်တမ်ဝိတ်မွေ့ထိုင်းပွဲစဉ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာဟာ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ် ဂျူနီယာကို အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဒီပွဲဟာ ဘရော်နီကာအတွက် One Championship နဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်ပြီး ပထမပွဲစဉ်ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့ပြီဖြစ်သလို One Championship က ပေးအပ်တဲ့ ဆုကြေး ဘတ် ၃၅၀,၀၀၀ ကိုလည်း ရရှိခဲ့ပါတယ်။



