back

Myanmar Star Season 2 Grand Final ပွဲကျင်းပ ပြီးစီး၊ Winner ဆုကို ချင်းလူငယ် Ephraim Kyaw Oo မှ ရရှိ

May 09 • 5:05 PM

breaking-news

မြန်မာ

ရန်ကုန်

cover

Myanmar Star Season 2 Grand Final ပွဲကျင်းပ ပြီးစီး၊ Winner ဆုကို ချင်းလူငယ် Ephraim Kyaw Oo မှ ရရှိ

Myanmar Star Season 2 Grand Final သီချင်းဆိုပြိုင်ပွဲကို မေလ ၉ ရက်ည ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး ချင်းတိုင်းရင်းသား Ephraim Kyaw Oo မှ Wi...

Myanmar Star Season 2 Grand Final သီချင်းဆိုပြိုင်ပွဲကို မေလ ၉ ရက်ည ရန်ကုန်မြို့မှာ အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ပြီး ချင်းတိုင်းရင်းသား Ephraim Kyaw Oo မှ Winner ဆု ရရှိ ဆွတ်ခူးခဲ့ကာ Nan Ni မှ First Runner up ကို လည်းကောင်း၊ ချင်းတိုင်းရင်းသူ Hoihpi မှ Second Runner up ကို လည်းကောင်း အသီးသီး ဆွတ်ခူး ရရှိခဲ့ ကြောင်း တိုက်ရိုက် ထုတ်လွင့်မှုများ အရ သိရှိရပါတယ်။ Myanmar Star အနေဖြင့် Season 2 ရဲ့ Grand Final ပွဲကြီးကို ဧပြီလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မန္တလေး ငလျင် ဘေး ဖြစ်ပွား ခဲ့တဲ့ အတွက် Grand Final ပွဲကို မေလ ၉ ရက်နေ့ည မှာ ရက်ပြောင်းရွေ့ ကျင်းပသွား ခဲ့တာ ဖြစ်ပါတယ်။အမှတ်ပေးခြင်း နဲ့ ပတ်သက်ပြီး ဒိုင် အမှတ် ၅၀% နှင့်ပရိသတ် voting အမှတ် ၅၀% ပေါင်းပြီး အဆုံး အဖြတ်ပေးတဲ့ စနစ်ကို အသုံးပြုကြောင်း အစီအစဉ် တင်ဆက်သူရဲ့ ပြောကြား ချက် အရ သိရှိ ခဲ့ရ ပါတယ်။



news-view-count-icon

7