လက်ရှိမှာ Clayface ရုပ်ရှင်အတွက် The Haunting of Hill House ရဲ့ Mike Flanagan ရေးထားတဲ့ ဇာတ်ညွှန်းကို အခုတစ်ခါ အခြားစာရေးဆရာတစ်ယောက်ကို လွှဲပေးပြီး အသစ်ပြန်ရေးခိုင်းနေပြီလို့သိရပါတယ်။ Screenwriter တစ်ယောက်ဖြစ်တဲ့ Hossein Amini က အခု DC Studios အတွက် Clayface ဇာတ်ညွှန်းကို ပြန်ရေးမယ်လို့ သိရပါတယ်။ Clayfaceရုပ်ရှင်ကိုတော့ အောက်တိုဘာလမှာ ယူကေမှာ စတင်ရိုက်ကူးဖို့ စီစဉ်ထားကြောင်းသိရပါတယ်။ DC Studios ကတော့ Clayface ရုပ်ရှင်ကို 2026 စက်တင်ဘာ 11 မှာ DCU Chapter One: Gods and Monsters ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရုံတင်ပြသမှာ ဖြစ်ပါသည်။



