ဂျာမနီအခြေစိုက် Bild သတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အီလ်ကိုင် ဂွန်ဒိုဂန်က ဘာစီလိုနာအသင်းကနေ သူထွက်ခွာခဲ့ရတဲ့ အကြောင်းရင်းတွေကို ဖွင့်ဟပြောကြားခဲ့ပါတယ်။ အဓိကအားဖြင့် ငွေကြေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့်ဖြစ်ပြီး အသင်းကို အကျပ်အတည်းမဖြစ်စေလိုတဲ့ သူ့ရဲ့ဆန္ဒကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ “ အသင်းနဲ့ ကလပ်အတွက် အတွေ့အကြုံတွေ ယူဆောင်လာပေးဖို့ သူတို့က ကျွန်တော့်ကို အစကတည်းက ခေါ်ယူခဲ့တာပါ။ နောက်ဆုံးမှာတော့ ထွက်သွားတာက ပိုကောင်းတဲ့ ရွေးချယ်မှုလို့ ကျွန်တော်ထင်ခဲ့တယ်။ အဓိကကတော့ ငွေကြေးကိစ္စတွေကြောင့်ပါ။ ပြီးတော့ ကျွန်တော်က စာချုပ်သက်သက်အတွက်ပဲနေပြီး ဘယ်သူ့ကိုမှ ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် လူစားမျိုးလည်း မဟုတ်ပါဘူး။” လို့ ဂွန်ဒိုဂန်က ရှင်းပြခဲ့ပါသည်။



