ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းကြောင့် အလွန်အကြူးအောင်ပွဲခံခဲ့သည့် PSG ပရိသတ်အချို့ ပြင်သစ်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ PSG အသင်းသည် အာဆင်နယ်အသင်းကို ဆီမီးဖိုင်နယ်နှစ်ကျော့စလုံး အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ယင်းအတွက် ပြင်သစ်ရှိ PSG အသင်းပရိသတ်အချို့မှာ အလွန်အကြူးအောင်ပွဲခံခဲ့ကြကြောင်း သိရှိရသည်။ PSG အသင်းပရိသတ်များသည် အသင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ပြီးနောက် လူအုပ်အတွင်း ကားဖြင့်မောင်းဝင်သည့် အောင်ပွဲခံမှုမျိုးပင် ပြုလုပ်ခဲ့သည့်အတွက် ဒဏ်ရာရရှိမှုများလည်း ရှိခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ (၄၃)ဦးရှိခဲ့ကြောင်း သိရသည်။



