အီတလီအိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်း ဒုတိယအဆင့်ပွဲမှာ ဂျပန်တင်းနစ်မယ် အိုဆာကာ အနိုင်ရပြီး တတိယအဆင့်ကို တက်ခဲ့ပါတယ်။ ဒုတိယအဆင့်ပွဲအဖြစ် အိုဆာကာဟာ ဆီဒင်အဆင့် ၉ ရထားတဲ့ စပိန် တင်းနစ်မယ် ဘာဒိုဆာနဲ့ ယှဉ်ပြိုင်ရဖို့ ရှိပေမယ့် ပွဲမကစားခင် ၁ နာရီခွဲအလိုမှာ ဘာဒိုဆာက ဒဏ်ရာပြဿနာ ကြောင့် ပြိုင်ပွဲကနေ ထွက်သွားခဲ့လို့ ဆွစ်ဇာလန်တင်းနစ်မယ် ဂိုလူဘစ်က အစားထိုးဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန်က ၁ နာရီခွဲနီးပါးသာ ကြာမြင့်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ အိုဆာကာက (၂း၆၊၇း၅၊၆း၁) ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး တတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါသည်။



