အာဆင်နယ်အသင်းက PSG အသင်းမှ တောင်ကိုရီးယားတိုက်စစ်ကစားသမား လီကန်အင်း ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်းသိရပါတယ်။ အသက် ၂၄ နှစ်အရွယ် လီကန်အင်း က ယခုရာသီ PSG အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး အရန်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရနေပါတယ်။ ဒါကြောင့် PSG အသင်းက လာမည့် နွေရာသီမှာ လီကန်အင်း ကို ရောင်းထုတ်ရန်စီစဉ်နေပြီး အာဆင်နယ်အသင်းက စိတ်ဝင်စားလာခြင်းဖြစ်ပြီး ပေါင်သန်း ၂၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုများကို လက်ခံဖွယ်ရှိနေကြောင်း သိရသည်။



