အခုရာသီက မန်စီးတီးအသင်းအတွက် စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီဖြစ်ခဲ့တဲ့အပေါ် အကြောင်းပြချက် ပေးစရာမရှိသလို နိုင်လိုစိတ်နည်းပါးခဲ့ကြတယ်လို တိုက်စစ်မှူး ဟာလန်းက ဝန်ခံသွားခဲ့ပါတယ်။ မန်စီးတီးအသင်း ဟာ အခုရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လီဗာပူးအသင်းဆီကို လွှဲပေးလိုက်ရသလို ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေလည်း စောစောစီးစီး ထွက်ခဲ့ရတာဖြစ်ပါတယ်။ ရိုဒရီလို အသင်းအတွက် အားကိုးရတဲ့ ကစားသမားက တစ်ရာသီလုံး နားနေခဲ့ရလို့ မန်စီးတီး အားနည်းခဲ့တာမှန် ပေမယ့် ဒဏ်ရာပြဿနာက အကြောင်းပြချက်ကောင်း တော့မဟုတ်ဘူးလို ဟာလန်းက ပြောခဲ့ပါသည်။



