အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူ ညီချက်ကို မေ ၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီသဘောတူညီချက်အရ ဗြိတိန်ရဲ့ ကားတင်ပို့မှုအပေါ် အမေရိကန် က အခွန်လျှော့ချပေးမှာဖြစ်ပြီး သံမဏိနဲ့ အလူမီနီယံတွေကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပေးမှာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဗြိတိန်က တင်သွင်းလာမယ့် အခြားကုန်ပစ္စည်းအများစုအပေါ်မှာတော့ အမေရိကန်က အခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံအကြား အခွန်ကင်းလွတ်ခွင့်နဲ့ အမဲသားတင်သွင်းခွင့်ရ့ဖို့လည်း သဘောတူညီချက် ရရှိခဲ့တယ်လို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်နှစ်နိုင်ငံလုံးကတော့ ဒါဟာ ကြီးမြတ်တဲ့ သဘောတူညီချက်လို့ ဆိုကြသည်။



