back

ပယ်လီဂရီနီနဲ့ ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားတယ်လို့ ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာ ပြော

May 09 • 10:09 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပယ်လီဂရီနီနဲ့ ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားတယ်လို့ ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာ ပြော

ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက ဘက်တစ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြပယ်လီဂရီနီနဲ့ ကွန်းဖရန့် လိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားတယ်လို့ ပြောခဲ့ပါတယ်...

ချယ်လ်ဆီးအသင်းနည်းပြမာရက်စ်ကာက ဘက်တစ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြပယ်လီဂရီနီနဲ့ ကွန်းဖရန့် လိဂ် ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာကို စိတ်လှုပ်ရှားတယ်လို့ ပြောခဲ့ပါတယ်။ မာရက်စ်ကာက “ပယ်လီဂရီနီကြောင့် ဘက်တစ်နဲ့ရင်ဆိုင်ရမှာကို ကျနော်ပျော်ရွှင်ပါတယ်။ သူက ကျနော့်ရဲ့ ပရော်ဖက်ရှင်နယ်ဖခင်လိုပါပဲ။ အဲဒါကြောင့် ကျနော်တို့တွေ့ဆုံရမှာကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်ပါတယ်။ သူနဲ့ ကျနော် ၄ နှစ်လက်တွဲခဲ့ပြီး ကစားသမားအဖြစ် ၂ နှစ်၊နည်းပြအဖြစ် ၂ နှစ်ပါ။ အဲဒါကြောင့် သူဟာ ကစားသမား တွေအပေါ် ဘယ်လိုထင်မြင်လဲဆိုတာကို ကျနော်အတိအကျသိပါတယ်။ အရေးကြီးဆုံးအရာက သူကရိုးသားပြီး လူကောင်းတစ်ဦးပါ”လို့ ပြောခဲ့တာပါ။

news-view-count-icon

9