ယူနိုက်တက်အသင်း နည်းပြအာမိုရင်က ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အသင်းအနိုင်ရရှိဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။အာမိုရင်က “ဆုဖလားကို ရယူနိုင်ဖို့ဟာ ခက်ခဲတဲ့ရာသီမှာ ကျနော်တို့ကို အားပေးပံ့ပိုးမှုတွေ ပြုလုပ်ခဲ့တဲ့ ပရိသတ် တွေအတွက် ကျနော်တို့လုပ်နိုင်တဲ့ အနည်းဆုံးအရာပါ။ ဗိုလ်လုပွဲကြောင့် ကျနော် စိတ်ဖိစီးမှု ဖြစ်နေပါပြီ။ ဗိုလ်လု ပွဲမှာ အနိုင်ရအောင် မလုပ်နိုင်ခဲ့ရင် ဗိုလ်လုပွဲရောက်အောင် လုပ်ထားတဲ့အရာတွေဟာ ဘာမှမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ကျနော်တို့ အနိုင်ရရှိအောင် လုပ်ဆောင်ဖို့လိုအပ်သလို အနိုင်ရဖို့လည်း ကြိုးစားသွားမှာပါ”လို့ ပြော ခဲ့တာပါ။



