မေလ(၈) ရက် ကြာသပတေးနေ့ညကတော့ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကစားသမား မေဆန်မောင့်အတွက် အမှတ်တရညတစ်ည ဖြစ်ခဲ့ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိအကျော့ပွဲမှာ လူစားဝင် ကစားပေးခွင့်ရရင်းနဲ့ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၂)ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ပွဲအစမှာ ယူနိုက်တက်တို့ ဘီလ်ဘာအိုအသင်းကို မီခေးလ် ဟိုရေဂီဇာရဲ့ အံ့အားသင့်ဖွယ် ဂိုးနဲ့ ဦးဆောင်ခံခဲ့ရလို့ အခြေအနေမကောင်းခဲ့ရပေမယ့် ဒုတိယပိုင်းမှာ နည်းပြ ရူဘင် အမော်ရင်ရဲ့ လူစားလဲမှုတွေက ပွဲအခြေအနေကို ပြောင်းလဲစေခဲ့ပြီး မေဆန်မောင့်နဲ့ အာမက်တို့ လူစားဝင်လာပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်ရဲ့ ဥရောပညတစ်ညကို အမှတ်တရဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။
သူ ဒီလို ညမျိုးကို အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတာလို့ ဖွင့်ဟလာခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမား မေဆန်မောင့်
May 09 • 10:10 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


