back

ကမ္ဘာ့စစ်တပ်များက အိန္ဒိယ-ပါကစ္စတန် တိုက်လေယာဉ်တိုက်ပွဲကို လေ့လာနေ

May 09 • 10:02 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့စစ်တပ်များက အိန္ဒိယ-ပါကစ္စတန် တိုက်လေယာဉ်တိုက်ပွဲကို လေ့လာနေ

အိန္ဒိယနှင့် ပါကစ္စတန်တို့၏ တိုက်လေယာဉ်များ ပါဝင်သော တိုက်ပွဲတစ်ခုကို ကမ္ဘာ့စစ်တပ်များက အနီးကပ် လေ့လာစောင့်ကြည့်နေကြသည်။ ယင်းတိုက်ပွဲမှ ရရှိသော အချက်အလက်များသည်...

အိန္ဒိယနှင့် ပါကစ္စတန်တို့၏ တိုက်လေယာဉ်များ ပါဝင်သော တိုက်ပွဲတစ်ခုကို ကမ္ဘာ့စစ်တပ်များက အနီးကပ် လေ့လာစောင့်ကြည့်နေကြသည်။ ယင်းတိုက်ပွဲမှ ရရှိသော အချက်အလက်များသည် နောင်တွင် ဖြစ်ပွားနိုင်သည့် စစ်ပွဲများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်သောကြောင့်ဖြစ်သည်။ CNN ၏ အဆိုအရ ပါကစ္စတန် လုံခြုံရေး အရင်းအမြစ်တစ်ခုက ယင်းတိုက်ပွဲတွင် တိုက်လေယာဉ်အစီး ၁၂၀ ကျော် ပါဝင်ခဲ့ပြီး တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ အချိန်ကြာမြင့်စွာ တိုက်ခိုက်ခဲ့ခြင်းသည် မကြာသေးမီ နှစ်များအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများထဲတွင် အကြီးဆုံး တိုက်ပွဲတစ်ခု ဖြစ်နိုင်သည်ဟု ဆိုသည်။ ပါကစ္စတန်က ၎င်းတို့သည် အိန္ဒိယလေယာဉ် ၅ စီးကို ပစ်ချခဲ့သည်ဟု ဆိုသော်လည်း ယင်းအချက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အိန္ဒိယကလည်း ၎င်းတို့၏ လေယာဉ်များ ပျက်စီးမှု ရှိ၊ မရှိကို အတည်မပြုသေးပေ။ သို့သော်လည်း အိန္ဒိယ မီဒီယာများက အစိုးရ အရင်းအမြစ်များကို ကိုးကား၍ အိန္ဒိယ လေတပ်မှ Rafale တိုက်လေယာဉ် အနည်းဆုံး ၃ စီး ပျက်စီးခဲ့ကြောင်း ဖော်ပြခဲ့သည်။

news-view-count-icon

8