back

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကြား ပါကစ္စတန် လာဟိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

May 09 • 10:03 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကြား ပါကစ္စတန် လာဟိုးမြို့တွင် ပေါက်ကွဲမှုဖြစ်ပွား

မေလ(၉) ရက် ကြာသပတေးနေ့တွင် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ က အတည်ပြု ပြောကြားခဲ့သည်။ ယခု ပေါက်ကွဲမှုသည် အိ...

မေလ(၉) ရက် ကြာသပတေးနေ့တွင် ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံ က အတည်ပြု ပြောကြားခဲ့သည်။ ယခု ပေါက်ကွဲမှုသည် အိန္ဒိယက ပါကစ္စတန်နှင့် ပါကစ္စတန်ထိန်းချုပ်ထားသော ကက်ရှမီးယားရှိ အကြမ်းဖက် စခန်း ၉ ခုကို တိုက်ခိုက်ပြီးနောက် တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပေါက်ကွဲသံကို ဝေါ်လ်တန် လေဆိပ်အနီးရှိ ဂိုပါလ်နာဂါနှင့် နာဆီရာဘတ် ရပ်ကွက်များတွင် ကြားခဲ့ရသည်။ ပါကစ္စတန် အာဏာပိုင်များသည် လာဟိုး၊ ကရာချီနှင့် ဆီယယ်လ်ကော့လေဆိပ်များတွင် လေယာဉ်ခရီးစဉ်များကို ယာယီ ရပ်ဆိုင်းထားကြောင်း ကြေညာခဲ့သော်လည်း ယင်းလုပ်ဆောင်ချက်သည် လာဟိုးမြို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ဆက်စပ်မှု ရှိမရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။အိန္ဒိယက ပါကစ္စတန်အား ၎င်းတို့၏ တိုက်ခိုက်မှုများအတွက် တုံ့ပြန်မည်ဆိုပါက ပြန်လည် တုံ့ပြန်မည်ဟု ပြောကြားထားသောကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်လာနိုင်ကြောင်း စိုးရိမ်မှုများ ရှိနေသည်။

news-view-count-icon

7