back

အိန္ဒိယ ပို့ကုန်ဆန်ဈေး ၂ နှစ်နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

May 09 • 10:01 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ ပို့ကုန်ဆန်ဈေး ၂ နှစ်နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

ယခုအပတ်တွင် အိန္ဒိယပို့ကုန်ဆန်ဈေးနှုန်းသည် ၂ နှစ်နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီး ထိုင်းဆန်ဈေးနှုန်းမှာ ၂ လကျော်အတွင်း အမြင့်ဆုံးသို့ တက်ခဲ့သည်။ အာရှစပ...

ယခုအပတ်တွင် အိန္ဒိယပို့ကုန်ဆန်ဈေးနှုန်းသည် ၂ နှစ်နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်းခဲ့ပြီး ထိုင်းဆန်ဈေးနှုန်းမှာ ၂ လကျော်အတွင်း အမြင့်ဆုံးသို့ တက်ခဲ့သည်။ အာရှစပါးအထွက်ကောင်း၍ ကမ္ဘာ့ဆန်ဈေး ထပ်ကျရန်မရှိဟု သုံးသပ်ကြသည်။ အိန္ဒိယပေါင်းဆန် ၅% ကွဲ တန် ၃၈၄-၃၉၁ ဒေါ်လာ၊ ဆန်ဖြူ ၅% ကွဲ တန် ၃၇၈-၃၈၅ ဒေါ်လာ ရှိသည်။ အာဖရိကဝယ်လက် ပါးနေသည်။ ထိုင်းဆန် ၅% ကွဲ တန် ၄၂၀ ဒေါ်လာသို့ တက်သည်။ ဘတ်ဈေးကြောင့်ဖြစ်ပြီး အဝယ်ပါးနေဆဲဖြစ်သည်။ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကြောင့် ဆန်ပို့ကုန် ထိခိုက်ပါက ဈေးကွက်ပြောင်းနိုင်ဖွယ်ရှိသည်။

news-view-count-icon

7