ကာဒီနယ် ရောဘတ် ပရီဗော့စ်(Robert Prevost)သည် ပထမဆုံးသော အမေရိကန်ဖွား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး လီယို (၁၄) အဖြစ် ထင်ရှားမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးလီယိုသည် ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးမိန့်ခွန်းပြောကြားရာတွင် ကမ္ဘာကြီးငြိမ်းချမ်းစေရေးကို တောင်းဆိုခဲ့ပြီး ကွယ်လွန်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ဂုဏ်ကျေးဇူးများကိုလည်း ဂါရဝပြုပြောကြားခဲ့သည်။ ပုပ်ရဟန်းမင်းကြီးလီယိုသည် အသက် ၆၉နှစ်ရှိပြီဖြစ်ပြီး ချီကာဂိုမြို့သားဖြစ်ကာ ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူ၏ တာဝန်အများစုကို တောင်အမေရိကတွင် သာသနာပြုအဖြစ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်နှင့် ပီရူးနိုင်ငံ(ထိုနိုင်ငံတွင် ဂိုဏ်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့) နှစ်နိုင်ငံ နိုင်ငံသားဖြစ်သည်။ မကြာသေးမီကပင်လျှင် ဗာတီကန်မြို့တော်၏ ဂိုဏ်းအုပ်ခန့်ထားရေးရာဌာနကြီးကို ဦးဆောင်ခဲ့သူလည်းဖြစ်သည်။
May 09 • 10:00 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


