back

စက်ဘီးအားကစားမှ ကာလပ်အီဝမ် အနားယူ

May 08 • 4:59 AM

breaking-news

မြန်မာ

ပြည်ပ

cover

စက်ဘီးအားကစားမှ ကာလပ်အီဝမ် အနားယူ

ဩစတြေးလျ စက်ဘီးစီးသမား ကာလပ် အီဝမ်ဟာ ကစားသမားသမားဘဝကနေ အနားယူလိုက်ပြီလို့ မေလ ၆ ရက်က ရုတ်တရက် ကြေညာသွားခဲ့ပါတယ်။ အီဝမ်ဟာ ဗြိတိန် စက်ဘီးအသင်း အင်နီယို့စ်နဲ့ ပြီး...

ဩစတြေးလျ စက်ဘီးစီးသမား ကာလပ် အီဝမ်ဟာ ကစားသမားသမားဘဝကနေ အနားယူလိုက်ပြီလို့ မေလ ၆ ရက်က ရုတ်တရက် ကြေညာသွားခဲ့ပါတယ်။ အီဝမ်ဟာ ဗြိတိန် စက်ဘီးအသင်း အင်နီယို့စ်နဲ့ ပြီးခဲ့တဲ့လကမှ ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အခုလို ရုတ်တရက် ကြေညာမှုက စက်ဘီးလောကကို အံ့အားသင့်စေခဲ့ပါတယ်။အသက် ၃၀ အရွယ် အီဝမ်ဟာ စက်ဘီးစီး ပြိုင်ပွဲကြီးတွေဖြစ်တဲ့ တိုးဒီဖရန့်ပြိုင်ပွဲနဲ့ ဂီရိုဒီ အီတာလီယာ ပြိုင်ပွဲတွေ မှာ အဆင့် ၅ ခုစီကို အနိုင်ရထားခဲ့ဖူးတာ ဖြစ်ပါတယ်။ အများကြီး စဉ်းစားခဲ့ပြီးမှ အခုဆုံးဖြတ်ချက်ကို ချခဲ့တာ ဖြစ်သလို အားကစားက သူ့ဘဝမှာ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်လို့ ၁၁ နှစ်ကြာ ကစားသမား ဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အီဝမ်က သူ့ရဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။ 


news-view-count-icon

43