back

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်း ထွက်ခွာခဲ့ရတယ်လို့ နည်းပြအာတီတာ ပြော

May 08 • 4:58 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံးအသင်း ထွက်ခွာခဲ့ရတယ်လို့ နည်းပြအာတီတာ ပြော

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ PSG အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာတီတာက အကော...

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ PSG အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၃ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအာတီတာက အကောင်းဆုံးအသင်း ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။အာတီတာက “ဒီပြိုင်ပွဲမှာ အာဆင်နယ်အသင်းထက် ပိုကောင်းတဲ့အသင်းကို ကျနော် မမြင်တွေ့ခဲ့ပေမယ့် ကျနော်တို့ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ နှစ်ပွဲစလုံးမှာ ကျနော်တို့ ပိုပြီးထိုက်တန်တယ်လို့ ထင်ပါတယ်။ PSG အသင်း ဂိုးသမား ဒွန်နာရမ်မာက နှစ်ပွဲစလုံးမှာ အကောင်းဆုံးကစားသမားပါ။ ကျနော့် ကစားသမားတွေအတွက် အလွန်ဂုဏ်ယူမိပေမယ့် စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ကစားသမားတွေဟာ ပွဲအပြီးမှာ ငိုကြွေးခဲ့တဲ့အတွက် ဒီပွဲမှာ သူတို့ဘယ်လောက်လိုချင်လဲဆိုတာကို မြင်တွေ့ခဲ့ရတယ်”လို့ ပြောခဲ့ပါတယ်။


news-view-count-icon

18