back

ကိုလံဘီယာတက္ကသိုလ်မှာ ပါလက်စတိုင်းထောက်ခံသူတွေ ဆန္ဒပြပွဲ လူ ၇၀ ကျော် အဖမ်းခံရ

May 08 • 4:54 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကိုလံဘီယာတက္ကသိုလ်မှာ ပါလက်စတိုင်းထောက်ခံသူတွေ ဆန္ဒပြပွဲ လူ ၇၀ ကျော် အဖမ်းခံရ

ကိုလံဘီယာတက္ကသိုလ်ရှိ ပင်မစာကြည့်တိုက်ရဲ့ တစိတ်တပိုင်းကို မေ ၇ ရက်က သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းထောက်ခံသူ ဒါဇင်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နယူးယောက်...

ကိုလံဘီယာတက္ကသိုလ်ရှိ ပင်မစာကြည့်တိုက်ရဲ့ တစိတ်တပိုင်းကို မေ ၇ ရက်က သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းထောက်ခံသူ ဒါဇင်များစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ နယူးယောက် ရဲတပ်ဖွဲ့က ပြောပါတယ်။ဆန္ဒပြသူတွေဟာ ဘတ်လာစာကြည့်တိုက်ကို အတင်းအဓမ္မ ဝင်ရောက်လာစဉ် တက္ကသိုလ် လုံခြုံရေးတာဝန်ရှိသူနှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆန္ဒပြသူတွေဟာ ခေါင်းစွပ်နဲ့ မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး ထရန့်အစိုးရကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။အဲဒီနောက်မှာတော့ တက္ကသိုလ်တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး ဆန္ဒပြသူအများစုမှာ ကျောင်းသားမဟုတ်ကြကြောင်းနဲ့ လူ ၇၀ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 


news-view-count-icon

20