မြောက်ကိုရီးယားဟာ တာတိုပစ် ဒုံးကျည် တချို့ကို အစုလိုက် စမ်းသပ် ပစ်ခတ်ခဲ့ဟန်ရှိကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေလို့ ယူဆရတဲ့ အရာတွေ မြန်နှုန်းမြင့် ပျံသန်းသွားခဲ့တာကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ပူးပေါင်းစစ်ဆင်ရေး ဦးစီးဌာနက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဝန်ဆန် ဒေသကနေ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေဟာ မေလ ၈ ရက် မနက်ပိုင်းတုန်းက အရှေ့ပင်လယ်(ဂျပန်ပင်လယ်)ဖက် ပျံသန်းသွားခဲ့တာကို ထောက်လှမ်း ရမိခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။



