ရန်ကုန်မြို့၊ ပန်းဆိုးတန်းမြို့နယ်ရှိ နန်းသီတာဆိပ်ကမ်း၌ မေလ ၃ ရက်နေ့ ည ၉ နာရီခွဲခန့်တွင် အိန္ဒိယနိုင်ငံသားတစ်ဦး ခြေချော်၍ မြစ်အတွင်းပြုတ်ကျသွားကာ ယနေ့ မေ ၈ ရက်အထိ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ကြိုးပမ်းရှာဖွေသော်လည်း မတွေ့ရှိသေးကြောင်း သိရသည်။ အဖြူရောင်ကမ်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက “အခုထိတော့ ရှာမတွေ့သေးပါဘူး” ဟု ပြောဆိုခဲ့သည်။ အဆိုပါသူ၏ ပြုတ်ကျမှုအချိန်မှစတင်ကာ ညတစ်ညလုံးရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ကြောင်း သတင်းအရ သိရှိရသည်။



