ဘန်ကောက်ရဲ့ စမတ် မီးပွိုင့်စနစ် အသစ်ကြောင့် ကားလမ်း အလွန်ပိတ်ဆို့တာကို လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး ဌာန (BMA) က အဓိက လမ်းစုံ ၇၂ ခုမှာ နည်းပညာမြင့် Adaptive Traffic Control System (ATCS) ကို စတင် အသုံးပြုနေပါပြီ။ ဒိတ်အောက်နေတဲ့ Timer အခြေပြု မီးပွိင့်နဲ့ ယာဉ်ထိန်းရဲ ထိန်းချုပ်တဲ့ စနစ်အစား AI နည်းပညာပါတဲ့ ATCS ကို အသုံးပြုမှာပါ။စမတ်မီးပွိုင့်တွေကို Sukhumvit, Phetchaburi, Rama IV, Phahon Yothin နဲ့ Silom လမ်း အပါအဝင် ဘန်ကောက်ရဲ့ ကားအပိတ်ဆုံး လမ်းစုံတွေမှာ တပ်ဆင်ထားပါတယ်။ BMA က နောက်နှစ်မှာ တည်နေရာ ၂၀၀ မှာ ATCS ကို တိုးချဲ့တပ်ဆင်မှာဖြစ်ပါတယ်။



