back

ဘန်ကောက် ကနေ မော်စကို ကို ပျံသန်းတဲ့ လေယာဉ်ဟာ မီးလောင်နံ့ ရတဲ့အတွက် ဒေလီကို အရေးပေါ် ဆင်းသက်ခဲ့ရ

May 08 • 2:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘန်ကောက် ကနေ မော်စကို ကို ပျံသန်းတဲ့ လေယာဉ်ဟာ မီးလောင်နံ့ ရတဲ့အတွက် ဒေလီကို အရေးပေါ် ဆင်းသက်ခဲ့ရ

မီးလောင်နံ့ ရတဲ့အတွက် ခရီးသည် ၄၀၀ ကျော်လိုက်ပါလာတဲ့ ဘန်ကောက် ကနေ မော်စကို သွားတဲ့ လေယာဉ်ဟာ အိန္ဒိယ နိုင်ငံ ဒေလီကို မေလ ၆ ရက်နေ့က အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။Aerof...

မီးလောင်နံ့ ရတဲ့အတွက် ခရီးသည် ၄၀၀ ကျော်လိုက်ပါလာတဲ့ ဘန်ကောက် ကနေ မော်စကို သွားတဲ့ လေယာဉ်ဟာ အိန္ဒိယ နိုင်ငံ ဒေလီကို မေလ ၆ ရက်နေ့က အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။Aeroflot လေကြောင်းလိုင်းရဲ့ လေယာဉ်ဟာ မေလ ၆ ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်မှာ ဘန်ကောက် ကနေ ထွက်ခွာခဲ့ပြီး မော်စကို Sheremetyevo လေဆိပ်ကို ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပျံသန်းနေစဉ်အတွင်း ပလတ်စတစ် မီးလောင်နံ့ရတဲ့အတွက် လေယာဉ်မှူးက ဒေလီ လေကြောင်း ထိန်းချုပ်ရေးဌာနကို ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။ ညနေ ၅ နာရီ ၂၀ မိနစ် (ထိုင်း စံတော်ချိန်)မှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပြီး အိန္ဒိယရဲ့ Indira Gandhi လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ 


news-view-count-icon

16