မေလ ၈ ရက်တွင် ရပ်ကွက်ဈေးများတွင် ကြက်ဥ၊ ဘဲဥဈေးများ ဆက်လက်တက်ရှိနေပြီး၊ ကြက်ဥတစ်လုံး ၄၄၀ ကျပ်မှ ၅၅၀ ကျပ်အထိရှိကာ အရေအတွက်သေးငယ်သဖြင့် စျေးနှုန်းနှင့် အရည်အသွေး မညီမှုတွေ့ရသည်။ ဘဲဥတစ်လုံး ၅၅၀ ကျပ်မှ ၇၀၀ ကျပ်အထိရှိပြီး ဆေးဘဲဥတစ်လုံး ၈၅၀ ကျပ်၊ ငုံးဥ ၁၀ လုံးကို ၁၀၀၀ ကျပ်ဖြင့် ရောင်းချနေကြသည်။ ပင်ရင်းဈေးများတွင်လည်း ကြက်ဥနှင့် ဘဲဥတို့သည် ကီလိုဂရမ်အလိုက် ၄၅၀ ကျပ်အထိ မြင့်တက်နေပြီး စျေးတင်မှုကြောင့် ပြည်သူများအတွက် စားသုံးစရိတ် တက်လာနိုင်ကြောင်း တွေ့ရှိရသည်။



