၆.၅.၂၀၂၅ ရက်နေ့ ၁၈:၃၅ နာရီခန့်တွင် မြန်မာအမျိုးသားလေကြောင်းမှ ခရီးစဉ် UB - 812 အား Boeing XY-ALV ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာခဲ့ပါသည်။ အဆိုပါ လေယာဉ်သည် ခရီးသည် (၁၄၃)ဦး သယ်ဆောင်၍ ပျံတက်ရန်ပြုလုပ်နေစဉ် လေယာဉ်ပြေးလမ်းပေါ်တွင် ပုံမှန်မဟုတ်သောအချက်ပြမှုဖြစ်ပေါ်လာသဖြင့် လေယာဉ်မှုးမှ ပြေးလမ်းပေါ်တွင်ပျံသန်းမှု ရပ်တန့်ခြင်းပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်စဉ် လေယာဉ်၏ Brake စနစ်ပူပြင်းမှုကြောင့် လေယာဉ်၏ ဘယ်ဖက်တာယာများ ပွင့်ထွက်လွင့်စင်မှု ဖြစ်ပေါ်ခဲ့ပြီး မီးတောက်ဖြစ်လာခဲ့သဖြင့် အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ပါသည်။ ကျန်ရှိသော လေယာဉ်ဘီးများကောင်းမွန်ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်တွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ပြေးလမ်းပေါ်၌ ရပ်တန့်နိုင်ခဲ့ပါသည်။ လေယာဉ်ပေါ်တွင် ပါရှိသော လေယာဉ်အမှုထမ်းများ လိုက်နာကျင့်သုံးရသော Safety Operating Procedure များအတိုင်း ပြုလုပ်ခဲ့ပြီး ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အားလုံးထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ဘေးကင်းလုံခြုံစွာဖြင့် လေဆိပ်နားနေဆောင်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
မြန်မာအမျိုးသားလေကြောင်း အနေဖြင့် အဆိုပါခရီးစဉ်တွင် ပါရှိသောခရီးသည်များအား ရန်ကုန်မြို့သို့ အစားထိုးလေယာဉ်များဖြင့် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ခရီးသည်များ၏ လိုအပ်ချက်များအတိုင်း အဆင်ပြေစွာဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာအမျိုးသားလေကြောင်း မှ ခရီးသွားမိဘပြည်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။ ယခု မတော်တဆ ဖြစ်ပွားမှုကို မြန်မာအမျိုးသားလေကြောင်း အနေဖြင့်စုံစမ်းစစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗔𝗶𝗿𝗹𝗶𝗻𝗲𝘀 – 𝗢𝗳𝗳𝗶𝗰𝗶𝗮𝗹 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁
On May 6, 2025, at approximately 18:35 hours, Myanmar National Airlines flight UB-812, operated by a Boeing aircraft - XY-ALV, departed from Mandalay to Yangon. While the aircraft, carrying 143 passengers, was accelerating for takeoff on the runway, an abnormal system indication was detected. In response, the captain initiated an aborted takeoff.
During the process, a malfunction in the braking system led to the left-side tires overheating and bursting into flames that were promptly extinguished. The remaining landing gear remained functional, allowing the aircraft to come to a safe stop at the northern end of the runway, free from any further danger.
The onboard cabin crews acted in accordance with standard Safety Operating Procedure. All passengers and crews were safely evacuated and transported to the terminal without any injuries.
Myanmar National Airlines promptly arranged alternate flights for all affected passengers to ensure their timely travel to Yangon. Additionally, the airline has provided support to meet the passengers’ individual needs.
We extend our sincere apologies to all passengers for the inconvenience caused by this incident. Myanmar National Airlines is currently conducting a full and systematic investigation to determine the cause and prevent future occurrences.



