back

ကလေးမြို့မှာ တွန်းဇံမြို့မှ ဆင်းလာသောအမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ် ကို အနောက်ကနေ ကားတစ်စီးက တိုက်မိပြီး ယင်းအမျိုးသမီး၂ ဦး ပွဲချင်းပြီးသေဆုံး

May 07 • 4:53 PM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကလေးမြို့မှာ တွန်းဇံမြို့မှ ဆင်းလာသောအမျိုးသမီး ၂ ဦး စီးလာတဲ့ဆိုင်ကယ် ကို အနောက်ကနေ ကားတစ်စီးက တိုက်မိပြီး ယင်းအမျိုးသမီး၂ ဦး ပွဲချင်းပြီးသေဆုံး

မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ ကြုံ့သုံးပင် (မွန်းလိုင်) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်မှာ ချင်းပြည်နယ်၊တွန်းဇံမြို့မှ ဆင်းလာသော အမျိုးသ...

မေလ ၇ ရက်နေ့ ညနေ ၄ နာရီခန့်မှာ စစ်ကိုင်းတိုင်း၊ကလေးမြို့ ကြုံ့သုံးပင် (မွန်းလိုင်) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း ပေါ်မှာ ချင်းပြည်နယ်၊တွန်းဇံမြို့မှ ဆင်းလာသော အမျိုးသမီး ၂ ဦး စီးလာတဲ့ ဆိုင်ကယ် ကို Skat ကုန်တင်ကား တစ်စီးက အနောက်ကနေ တိုက်မိပြီး တက်ကြိတ်တဲ့ အတွက် ယင်း အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးသွားတယ် လို့ ကလေးမြို့ ဒေသခံများ ထံမှ သိရှိခဲ့ ရပါတယ်။သေဆုံး အမျိုးသမီး နှစ်ဦး ကတော့ တွန်းဇံမြို့သူ ကလေး ၄ ယောက် အမေ အသက် ၄၄နှစ် အရွယ် Nu Magaret Mang Go Lun (Maalun) နှင့် အသက် ၁၉ အရွယ် Lia Stella Ciin Sian Muan (Muannu) ဖြစ်ကြတယ်လို့ ကလေးမြို့ရောက် တွန်းဇံ အသိုင်းအဝိုင်းထံမှ သိရှိခဲ့ရ ပါတယ်။ Lia Ciin Sian Muan ရဲ့ အလောင်းကို တွန်းဇံမြို့ သို့ သယ်ဆောင် သဂြိုလ် သွားမှာ ဖြစ်ပြီး Nu Magaret Mang Go Lun (Maalun) ကိုတော့ ကလေးမြို့ တပ်ဦးသီတာ ရပ်ကွက် ကနေ မေလ ၉ ရက်နေ့မှာ သဂြိုလ် သွားမယ်လို့ လည်း ထပ်မံ သိရှိခဲ့ရ ပါတယ်။




news-view-count-icon

12