ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဆိုင်ကယ်သူခိုးများ ခိုးယူထားသည့် ဆိုင်ကယ် ၃စီးကို ထပ်မံဖော်ထုတ်သိမ်းဆီးရမိကြောင်း ကျိုင်းတုံခရိုင်ရဲရုံးမှ သိရသည်။ထပ်မံသိမ်းဆည်းရမိသည့် ဆိုင်ကယ် ၃စီးမှာ Honda wave i 110 အနီရောင် 2023 Model တစ်စီး၊ Honda wave i 110 အပြာရောင် 2025 Model တစ်စီး၊ Honda wave i 110 နက် /စိမ်းရောင် 2025 Model တစ်စီး ဖြစ်ပြီး ဆိုင်ကယ်ပျောက်သူများအနေဖြင့် ခရိုင်ရဲရုံးတွင် လာရောက်စုံစမ်းနိုင်ကြောင်း သိရသည်။



