အစိုးရ စစ်တမ်းတစ်ခုအရ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်သူ အများအပြားဟာ ခရီးသွားနေရာတွေမှာ လူပြည့်ကျပ်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းရတာတွေအပေါ် စိတ်ပျက်ခဲ့ရတယ်ဆိုတာကို သိရပါတယ်။ ဂျပန် ခရီးသွားလုပ်ငန်းအေဂျင်စီရဲ့ အဲဒီစစ်တမ်းမှာ နိုင်ငံခြားခရီးသွားဧည့်သည် ၄,၀၀၀ ကျော်ကို ဂျပန်နိုင်ငံမှာ လာရောက်လည်ပတ်စဉ်အတွင်း ကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အေဂျင်စီတာဝန်ရှိသူတွေက အဲဒီစစ်တမ်းဟာ စိန်ခေါ်မှုအသစ်တွေကို ဖော်ထုတ်ပြသခဲ့ပြီး အဲဒါတွေကိုကိုင်တွယ်ဖြေရှင်းဖို့ သက်ဆိုင်ရာအစိုးရရုံးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါသည်။



