၂၀၂၄ခုနှစ် Noto ကျွန်းဆွယ်ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဂျပန်မြို့တစ်မြို့မှာ ကြီးမားတဲ့ အလှပြယာဉ်တွေပါဝင်တဲ့ နွေဦးပွဲတော်ကို ကျင်းပခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ပွဲတော်ကို မနှစ်က ကျင်းပနိုင်ခဲ့ခြင်း မရှိပါဘူး။ Ishikawa ခရိုင်၊ Nanao မြို့က Seihakusai ပွဲတော်ဟာ ၆ ရာစုကနေ ၁၂ ရာစုအထိဖြစ်တဲ့ Heian ခေတ်ကနေ စတင်ခဲ့တဲ့ Noto ဒေသရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်ပါတယ်။ အဲဒီပွဲတော်မှာ "dekayama" လို့ခေါ်တဲ့ ကြီးမားတဲ့ ဘီးတပ်အလှပြယာဉ်တွေက အဓိကကြည့်ရှုစရာတွေ ဖြစ်ပါတယ်။ အဲဒီ အလှပြယာဉ်တွေဟာ အမြင့် ၁၂ မီတာအထိရှိပြီး တစ်ခုကို တန် ၂၀ အလေးချိန်ရှိပါတယ်။ ဒီပွဲတော်ကို မေလ ၅ ရက် တနင်္လာနေ့အထိ ကျင်းပခဲ့တာဖြစ်ပါသည်။



