ပါကစ္စတန်နိုင်ငံ မြိုပြလေကြောင်းအာဏာပိုင်အဖွဲ (CAA) သည် အိန္ဒိယနိုင်ငံကအရပ်သားများအခြေချနေထိုင်သည့် နေရာများကို တိုက်ခိုက်ပြီးနောက် အဓိကမြို့ကြီးများတွင် လေကြောင်းပျံသန်းမှု လုပ်ငန်းများကိုပြန်လည်စတင်ခဲ့ကြောင်း မေလ ၇ ရက် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။ အစောပိုင်းတွင် CAA သည် နိုင်ငံတွင်း လုံခြုံရေးအခြေအနေများကို ထည့်သွင်းစဉ်းစားကာ လေပိုင်နက်အတွင်း ဝင်ရောက်ခွင့်ကို ၄၈ နာရီ ကန့်သတ်ရန် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ CAA သည် ခရီးသွားများကို သတိပြုနေထိုင်ရန်နှင့် အဆင်မပြေမဖြစ်စေရန် အစိုးရလေကြောင်းလိုင်းနှင်အဆက်အသွယ်မှုမပြတ်စေရန် ညွှန်ကြားထားပြီး ပျံသန်းမှုအချိန်ဇယားများနှင့် လမ်းကြောင်းဆိုင်ရာ နောက်ဆုံးဆုံးဖြတ်ချက်သည် လေကြောင်းလိုင်းတခုခြင်းနှင့်သာ သက်ဆိုင်သည်ဟု ပြောကြားခဲ့သည်။



