back

ဂျပန်နိုင်ငံမှာ ကလေးဦးရေ ၄၄ နှစ်ဆက်တိုက်အဖြစ် ကျဆင်း

May 07 • 2:59 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံမှာ ကလေးဦးရေ ၄၄ နှစ်ဆက်တိုက်အဖြစ် ကျဆင်း

ဂျပန်နိုင်ငံမှာ မေလ ၅ ရက်နေ့ကို ကလေးများနေ့လို့ သတ်မှတ်ထားပြီး ဂုဏ်ပြုနေတဲ့အကြား ကိန်းဂဏန်းအသစ်တွေအရ နိုင်ငံအတွင်း ကလေးဦးရေဟာ ၄၄ နှစ်ဆက်တိုက်အဖြစ် ၁၄ သန်းအောက်က...

ဂျပန်နိုင်ငံမှာ မေလ ၅ ရက်နေ့ကို ကလေးများနေ့လို့ သတ်မှတ်ထားပြီး ဂုဏ်ပြုနေတဲ့အကြား ကိန်းဂဏန်းအသစ်တွေအရ နိုင်ငံအတွင်း ကလေးဦးရေဟာ ၄၄ နှစ်ဆက်တိုက်အဖြစ် ၁၄ သန်းအောက်ကို ကျဆင်းနေတာကို တွေ့ရှိရပါတယ်။ ဧပြီလ ၁ ရက်နေ့အထိ အသက် ၁၄ နှစ်အောက် ကလေးအရေအတွက်ဟာ ၁၃.၆၆ သန်းရှိမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး အရင်နှစ်ကထက် ၃၅၀,၀၀၀ ကျဆင်းခဲ့ပြီး ယခုအခါမှာ ကလေးတွေဟာ ဂျပန်နိုင်ငံရဲ့ စုစုပေါင်းလူဦးရေရဲ့ ၁၁.၁ ရာခိုင်နှုန်းရှိပြီး အရင်နှစ်ကထက် ၀.၂ ရာခိုင်နှုန်း နည်းနေကာ ၅၁ နှစ်ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါသည်။



news-view-count-icon

9