back

ဂျပန်နိုင်ငံကို အလည်လာတဲ့ နိုင်ငံခြားသားတွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ၂၄ နာရီစတိုးဆိုင်တွေ ကြိုးပမ်း

May 07 • 2:58 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်နိုင်ငံကို အလည်လာတဲ့ နိုင်ငံခြားသားတွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ၂၄ နာရီစတိုးဆိုင်တွေ ကြိုးပမ်း

ဂျပန်၂၄ နာရီစတိုးဆိုင် လုပ်ငန်းကုမ္ပဏီတွေက သူတို့ရဲ့ရောင်းအားကို မြှင့်တင်ဖို့အတွက် နိုင်ငံတွင်းဝင်‌ရောက်တဲ့ နိုင်ငံခြားဧည့်သည်တွေ မြင့်တက်လာနေတာကို ထိထိရောက်ရေ...

ဂျပန်၂၄ နာရီစတိုးဆိုင် လုပ်ငန်းကုမ္ပဏီတွေက သူတို့ရဲ့ရောင်းအားကို မြှင့်တင်ဖို့အတွက် နိုင်ငံတွင်းဝင်‌ရောက်တဲ့ နိုင်ငံခြားဧည့်သည်တွေ မြင့်တက်လာနေတာကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။ Seven-Eleven Japan ဟာ Wasabi နဲ့လုပ်ထားတဲ့ ဂျပန်ထမင်းဆုပ်တွေ၊ Matcha လိုခေါ်တဲ့ လက်ဖက်ခြောက်အမှုန့်ကို အသုံးပြုထားတဲ့ မုန့်အချို့တွေလိုမျိုး နိုင်ငံခြားဧည့်သည်တွေကို ပစ်မှတ်ထားတဲ့ထုတ်ကုန်တွေကို တီထွင်ထုတ်လုပ်နေပါတယ်။ အဲဒီကုမ္ပဏီက ထုတ်ကုန်အမည်တွေကို ပစ္စည်းအထုပ်တွေပေါ်မှာလည်း အင်္ဂလိပ်အက္ခရာတွေနဲ့ ရိုက်နှိပ်နေပါတယ်။ တချို့ဆိုင်တွေက အိမ်ပြန်လက်ဆောင် စိတ်ကြိုက် များများစားစား ဝယ်ယူနိုင်စေဖို နိုင်ငံခြားသားတွေသဘောကျတဲ့ ကုန်ပစ္စည်းတွေကို အထုပ်ကြီးတွေလုပ်ပြီး ရောင်းပေးနေပါသည်။




news-view-count-icon

17