back

စီရော်နယ်လ်ဒို၏ချန်ပီယံလိဂ်စံချိန်ကို ရာဖင်ညာ လိုက်မီ

May 07 • 2:32 PM

breaking-news

မြန်မာ

ပြည်ပ

cover

စီရော်နယ်လ်ဒို၏ချန်ပီယံလိဂ်စံချိန်ကို ရာဖင်ညာ လိုက်မီ

ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာသည် ချန်ပီယံလိဂ်တွင် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးအဖြစ် စံချိန်တင်ထားသည့် စီရော်နယ်လ်ဒို၏ စံချိန်ကို လိုက်မီခဲ့သည်...

ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာသည် ချန်ပီယံလိဂ်တွင် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးအဖြစ် စံချိန်တင်ထားသည့် စီရော်နယ်လ်ဒို၏ စံချိန်ကို လိုက်မီခဲ့သည်။အသက် (၂၈) နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ရာဖင်ညာသည် ယခုရာသီ ချန်ပီယံလိဂ်သွင်းဂိုးပါဝင်ပတ်သက်မှုမှာ (၂၁) ဂိုးထိ ရှိလာခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် စံချိန်တင်ထားသူမှာ စီရော်နယ်လ်ဒိုဖြစ်သည်။ ၎င်းအနေဖြင့် ရီးယဲလ်တွင် ကစားခဲ့သည့် ၂၀၁၃-၁၄ ရာသီက ဂိုးပါဝင်ပတ်သက်မှု (၂၁) ကြိမ်(၁၇ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီး) ဖြင့် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။ ယခု ယင်းစံချိန်ကို ရာဖင်ညာက လိုက်မီခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ချန်ပီယံလိဂ် (၁၂) ပွဲတွင် (၁၃) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၈) ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



news-view-count-icon

12