back

နွေဦးရာသီအားလပ်ရက်မှာ ဂျပန်နိုင်ငံတွင်း အပြန်ခရီးလမ်းပြည့်ကျပ်မှု အမြင့်ဆုံးဖြစ်

May 07 • 2:33 PM

breaking-news

မြန်မာ

ပြည်ပ

cover

နွေဦးရာသီအားလပ်ရက်မှာ ဂျပန်နိုင်ငံတွင်း အပြန်ခရီးလမ်းပြည့်ကျပ်မှု အမြင့်ဆုံးဖြစ်

ဂျပန်နိုင်ငံရဲ့ နွေဦးအားလပ်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၆ ရက် အင်္ဂါနေ့မှာ ကျည်ဆန်ရထားတွေနဲ့ လေယာဉ်တွေဟာ အိမ်ပြန်ကြသူတွေနဲ့ ပြည့်ကျပ်နေပါတယ်။ လေဆိပ်တွေမှာလည်း ပြ...

ဂျပန်နိုင်ငံရဲ့ နွေဦးအားလပ်ရက် နောက်ဆုံးနေ့ဖြစ်တဲ့ မေလ ၆ ရက် အင်္ဂါနေ့မှာ ကျည်ဆန်ရထားတွေနဲ့ လေယာဉ်တွေဟာ အိမ်ပြန်ကြသူတွေနဲ့ ပြည့်ကျပ်နေပါတယ်။ လေဆိပ်တွေမှာလည်း ပြည်တွင်းလေယာဥ်ခရီးစဉ်တွေမှာ အသွားအလာ ပြည့်နှက်နေပါတယ်။ တိုကျိုနဲ့ အိုဆာကာကို ပျံသန်းမယ့် ခရီးစဉ်တွေအတွက် ကြိုတင်ထိုင်ခုံရယူမှုနှုန်းထားဟာ All Nippon Airways အတွက် ၈၂.၉ ရာခိုင်နှုန်းနဲ့ Japan Airlines အတွက် ၈၀ ရာခိုင်နှုန်းရှိပါတယ်။ ဧပြီလ ၂၅ ရက်ကနေ မေလ ၆ ရက်အတွင်း Narita မှာ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို အသုံးပြုသူစုစုပေါင်း ၁.၁၇ သန်းလောက်ရှိမယ်လို့ အဲဒီကုမ္ပဏီက ခန့်မှန်းထားပါသည်။



news-view-count-icon

12