back

ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရသော်လည်း အသင်း၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို

May 07 • 2:31 PM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာခဲ့ရသော်လည်း အသင်း၏စွမ်းဆောင်မှုကို ကျေနပ်ကြောင်း ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ် ဆို

ဘာစီလိုနာအသင်းသည် မေလ (၆) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ အင်တာမီလန်အသင်းကို အချိန်ပိုတွင် (၃-၄) ဂိုးဖြင့် ရှုံးနိမ့်ခ...

ဘာစီလိုနာအသင်းသည် မေလ (၆) ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်၌ အင်တာမီလန်အသင်းကို အချိန်ပိုတွင် (၃-၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် မိနစ်(၉၀)အတွင်း (၃-၃) ဂိုးဖြင့် သရေကျနေခဲ့ပြီး နှစ်ကျော့ပေါင်း (၆-၆) ဖြစ်နေသည့်အတွက် အချိန်ပိုဆက်ကစားခဲ့ရာ အင်တာမီလန်အသင်းအတွက် လူစားဝင်ကစားသမား ဖရက်တယ်ဆီက အနိုင်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။ အဆိုပါပွဲစဉ်အပြီးတွင် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ''စိတ်ပျက်ရပါတယ်။ ဒါပေမဲ့ ကစားသမားတွေနဲ့ အသင်းရဲ့စွမ်းဆောင်မှုကိုတော့ မဟုတ်ပါဘူး။ ကစားသမားတွေက ဗိုလ်လုပွဲရောက်ဖို့ အစွမ်းကုန်ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။ နောက်ရာသီမှာ ပရိသတ်တွေ ပျော်ရွှင်ခွင့်ရအောင် ကျွန်တော်တို့အစွမ်းကုန်ကြိုးစားသွားမှာပါ''ဟု ဆိုခဲ့သည်။



news-view-count-icon

8