back

အင်တာမီလန်ပရိသတ်များ ကွင်းအတွင်းပြန်ဝင်ခွင့်ရရန် တောင်းပန်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့

May 07 • 2:29 PM

breaking-news

မြန်မာ

ပြည်ပ

cover

အင်တာမီလန်ပရိသတ်များ ကွင်းအတွင်းပြန်ဝင်ခွင့်ရရန် တောင်းပန်ခဲ့သော်လည်း ဝင်ခွင့်မရခဲ့

 မေလ (၆) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် အင်တာမီလန်အသင်းသည် အိမ်ကွင်း ဆန်စီရိုတွင် ပွဲပြီးခါနီးအထိ ဘာစီလိုနာအသင်းကို (၂-၃) ဂိုးဖြင့် ရှုးနိမ...

 မေလ (၆) ရက်က ကစားခဲ့သည့် ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်တွင် အင်တာမီလန်အသင်းသည် အိမ်ကွင်း ဆန်စီရိုတွင် ပွဲပြီးခါနီးအထိ ဘာစီလိုနာအသင်းကို (၂-၃) ဂိုးဖြင့် ရှုးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း (၅-၆) ဂိုးဖြင့် ပြိုင်ပွဲမှထွက်ခွာရရန် အလွန် နီးစပ်ခဲ့သည်။ ထို့ကြောင့် အင်တာမီလန်ပရိသတ်အချို့သည် ပွဲမပြီးမီအထိ ဆန်စီရိုကွင်းအတွင်းမှ ထွက်ခွာခဲ့ကြသည်။ သို့သော် ပွဲပြီးခါနီး နာကျင်အချိန်ပို (၃) မိနစ်တွင် အင်တာမီလန်နောက်ခံကစားသမား အာချာဘီက တတိယဂိုးချေပဂိုး သွင်းယူခဲ့နောက် ကွင်းပြင်သို့ စောထွက်လာသည့် အင်တာမီလန်ပရိသတ်များသည် ကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး အချိန်ပိုကို ဆက်ကြည့်ခွင့်ရန် ကွင်းတာဝန်ရှိသူများကို တောင်းဆိုခဲ့သော်လည်း ဝင်ခွင့်မရခဲ့ကြောင်း သိရသည်။



news-view-count-icon

8