၁၉၄၅ ခုနှစ်က ဟီရိုရှီးမားမြို့ အဏုမြူဗုံးကြဲချခံရမှုကနေ လွတ်မြောက်လာတဲ့ မျိုးစေ့တွေကနေ ပေါက်တဲ့ အပင်ငယ်နှစ်ပင်ကို နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ စိုက်ပျိုးခဲ့ပါတယ်။ ဒါဟာ နျူကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်လာရေး အကောင်အထည်ဖော်ဖို့ မျှော်လင့်တဲ့အနေနဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဲဒီမျိုးစေ့တွေဟာ ဟီရိုရှီးမားမြို့ရဲ့ အဏုမြူဗုံးကျရောက်တဲ့ ဗဟိုနေရာကနေ မီတာ ၅၀၀ အကွာလောက်က ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့ခဲ့တဲ့ တည်သီးပင်ရဲ့ မျိုးစေ့တွေ ဖြစ်ပါတယ်။ အပင်စိုက်ပျိုးတဲ့ အခမ်းအနားကို မေလ ၅ ရက် တနင်္လာနေ့မှာ ကျင်းပခဲ့ပါသည်။



