သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ တောင်ကြားရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ဝင်းကိုဦး၊ အသက် ၂၃ နှစ်အရွယ် စိုးပြည့်ထူးနှင့် အသက် ၂၂ နှစ်အရွယ် အာပေကော်ဆိုသူတို့သည် မေလ ၅ ရက်နေ့ညက ပစ်ခတ် သတ်ဖြတ်ခံရခြင်းဖြစ်သည်။ကိုဝင်းကိုဦး၊ ကိုစိုးပြည့်ထူးနှင့် အာပေကော်တို့ ၃ ဦးသည် တောင်ကြားရပ်ကွက်၊ လက်ပံကုန်းအပိုင်း တောလမ်းတစ်နေရာတွင် ပစ်သတ်ခံထားရပြီး ၎င်းတို့၏ ရုပ်အလောင်းကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။



