ယခု မေလအတွက် (၁၀၈) ပေါင်/ (၂၄)ပြည် ဆန်တစ်အိတ်ဈေးနှုန်း သတ်မှတ်ချက်အရ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် (၂၅) မှတ်၊ (၁၅) မှတ်၊ (၁၀/၅) မှတ် (၅ ၀) ကီလိုဂရမ်တစ်အိတ် ကျပ် (၆၀,၀၀၀) မှ ကျပ် (၇၂,၀၀၀) အထိ သတ်မှတ်ထားသည်။ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားကြောင်း၊ ဈေးကွက်အတွင်းရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် (၈) ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် (၃) ရာ ခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် (၄) ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားပါသည်။



