မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် EMI အဖွဲ့မှ Engineer ပညာရှင်များသည် မန္တလေးမြို့မှ လူနေအိမ်အဆောက်အဦးများ၊ အများပြည်သူသုံး အဆောက်အဦးများ ကြံ့ခိုင်မှုကို ပူးပေါင်းစစ်ဆေး ပေးခဲ့ကြကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းသည် ဧပြီ(၆)ရက်မှ ယနေ့အထိ နေအိမ်အ ဆောက်အဦး (၃၀၀) ကျော်ကို စစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ် ကြောင်းလည်း သိရသည်။



