စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကာရာအိုကေ (KTV)ဆိုင်များအား စည်းကမ်းနှင့်အညီဆောင်ရွက်ခြင်းရှိ/မရှိကို မြို့နယ်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီက ခန္တီးမြို့ပေါ်ရှိ ကာရာအိုကေ (KTV) ဆိုင်များ၌ ယနေ့ နံနက်(၁၀)နာရီအချိန်က လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။ထိုသို့ စစ်ဆေးဆောင်ရွက်ရခြင်းမှာ သတ်မှတ်ချိန်ကျော်လွန်၍ ဖွင့်ခြင်း၊ အသံဆူညံ၍ ပတ်ဝန်းကျင်အား အနှောက်အယှက်ပြုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ဆိုင်တွင်းမူးယစ်ဆေးဝါးများသုံးစွဲခြင်း၊ ဖြန့်ချီရောင်းချခြင်း၊ အမျိုးသမီးများဖြင့်မြူဆွယ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်သူများ ခိုအောင်းခြင်း စသည့်ကိစ္စရပ်များမပေါ်ပေါက်စေရေးအတွက် လိုက်လံစစ်ဆေးခြင်းဖြစ်ပြီး (၁)လ လျှင် (၁)ကြိမ် လစဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



