စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင် မုံရွာမြို့နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းသီးနှံစိုက်ပျိုးဧက ၄၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းအသိ ပညာပေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။သတ်မှတ်လျာထားပြီး စိုက်ပျိုးခဲ့ရာမုံရွာမြို့နယ်တွင် ဆည်ရေကန်ရေများအပြင် စက်ရေတွင်းများတွင် နွေနှမ်း စိုက်ဧက ယနေ့အချိန်အထိ ၄၂၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ရေး အလေးထား ကွင်းဆင်းအသိပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



