ငလျင်ဒဏ်သင့် ဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ ဆက်စပ်နေရာတွေက ငလျင်ကြောပေါ်ရှိ အဆောက်အအုံတွေ ထိခိုက်ခံရမှု များပြားခဲ့ပြီး ပြန်လည်တည်ဆောက်တဲ့အခါ မှာ နေရာပြောင်းရွှေ့ ဆောက်လုပ် ဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပါတယ်။ငလျင်ဖြစ်ပွားခဲ့တဲ့ဒေသတွေမှာ မြန်မာနိုင်ငံငလျင်ကော်မတီအနေနဲ့ ငလျင်ကရရှိတဲ့ GPS အချက်အလက်တွေ ရှာ ဖွေတာအပြင် ဘူမိဗေဒပညာရှင်နဲ့ ဘူမိအင်ဂျင်နီယာပညာရှင်တွေ၊ အဆောက်အအုံအင်ဂျင်နီယာပညာရှင်တွေ စတဲ့ ပညာရှင်တွေက မြေပြင်ကွင်းဆင်းကာ သုတေသနာလုပ်ငန်းတွေလည်း ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်။



