(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမားများအနေဖြင့် သုဝဏ္ဏပိုက်ကျော်ခြင်း လေ့ကျင့်ရေးရုံ၌ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့်အားကစားနည်း(၂၄)မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ဆီးဂိမ်းပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၉)ရက်မှ (၂၀)ရက်နေ့အထိ ထိုင်းနိုင်ငံဘန်ကောက်မြို့၊ ချောင်ဘူရီမြို့နှင့် ဆောင်ခလာမြို့တို့၌ ကျင်းပသွားမည်ကာ အားကစားအမျိုးအစားပေါင်း (၅၀) ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။



