ပဲခူးတိုင်းဒေသကြီးအတွင်း ဇရပ်ကြီးနှင့် ကျွဲပွဲအနီးတိုတွင် ယနေ့(မေလ ၇ ရက်) မွန်းလွဲပိုင်းက ရှစ်မိနစ်ဝန်းကျင်သာခြား၍ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ရှားသွားကြောင်း ကမ္ဘာတစ်ဝန်းမြေငလျင်လှုပ်ရှားမှု အချက်အလက်များကို ဖော်ပြနေသည့် Earthquake Alerts Application ၌ ဖော်ပြထားချက်အရ သိရသည်။ရစ်(ခ်)စကေး ၃ ဒသမ ၉ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့သလို မွန်းလွဲ ၂ နာရီ ၀၅မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဇရပ်ကြီး ဘုရားကုန်းရွာအနီးကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၀ ဖြင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ကြောင်း သိရသည်။နံနက်ပိုင်းကလည်း နံနက် ၇ နာရီ ၅၃ မိနစ်အချိန်က ပဲခူးတိုင်းဒေသကြီး ဇရပ်ကြီးနှင့် ထန်းတပင်ကြား သပြေကွင်းရွာအနီးတွင်လည်း ရစ်(ခ်)တာစကေး ၃ ဒသမ ၃ ဖြင့်လည်းကောင်း၊ နံနက်အစောပိုင်း ၃ နာရီ ၅၂ မိနစ်ကလည်း ပဲခူးတိုင်းဒေသကြီး၊ သာဂရအနီးတွင် ရစ်(ခ်)တာစကေး ၂ ဒသမ ၃ ဖြင့်လည်းကောင်း မြေငလျင်များအသီးသီး လှုပ်ရှားသွားခဲ့ကြောင်း သိရသည်။



