ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်ကစပြီးကချင်ပြည်နယ် မြစ်ကြီးနား- တနိုင်းလီဒိုလမ်းမတစ်လျှောက် ခရီးသွားပြည်သူများ သွားလာရေးမှာ အခက်အခဲကြုံနေရတယ်လို့ သိရပါတယ်။ခုလို လမ်းပိုင်းအခက်ခဲကြောင့် ညအိပ်ရချိန်မျိုးမှာ အရေးပေါ်ခရီးသွားရတဲ့ ပြည်သူတွေအနေနဲ့ အဆင်မပြေမှုများစွာရှိတယ်လို့လည်း ခရီးသွားပြည်သူတွေပြောပါတယ်။ကားလမ်းပိတ်ထားတဲ့အခြေအနေတွေမှာတော့ခရီးသည်တွေအနေနဲ့ နမ္မတီး၊ လဝါးနမ်ဖြတ်၊ဘန်ကောက်စတဲ့ကျေးရွာတွေမှာညအိပ်ရတာမျိုးရှိတယ်လို့သိရပါတယ်။



