ရပ်ကွက်ဈေးများတွင် ငါးပုဏ္ဏားဈေးက တစ်ဆယ်သား ၄၀၀၀ ကျပ်ဈေးအထိ မြင့်တက်နေသည်။ ငါးခူ တစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးရှိသည်။ စားသုံးသူများသော ငါးများက ပုံမှန်ဈေးအတိုင်းရှိသည်။ ငါးကြင်းဖြူခုတ်သား တစ်ဆယ်သား ၂၀၀၀-၂၂၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ဆယ်သား ၁၃၀၀-၁၅၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်အတိုင်းရှိသည်။
ငါးတန်တစ်ဆယ်သား ၁၅၀၀ ကျပ်ဈေးဖြင့် ဈေးအနည်းငယ်ပြန်ကျသည်။ ငါးဘဲလေးများက တစ်ဆယ် သား ၁၀၀၀-၁၂၀၀ ကျပ်၊ ကဘလူးအကောင်သေး တစ်ဆယ်သား ၁၂၀၀ ကျပ်ဈေးတို့ဖြင့် စားသုံးသူများကြသည်။ ငါးခြစ်ဈေးများက ပုံမှန်အတိုင်း အမြင့်ဈေးတွင် ရှိနေပြီး ငါးမြစ်ချင်းခြစ်တစ်ဆယ်သား ၂၈၀၀-၃၀၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ဆယ်သား ၄၀၀၀-၄၂၀၀ ကျပ်ဈေးများ ရှိကြသည်။
ပင်လယ်ငါးများထဲတွင် ငါးရွှေတစ်ဆယ်သား ၂၅၀၀ ကျပ် ၊ ရွှေငါးတစ်ဆယ်သား ၁၂၀၀ ကျပ်၊ ငါးမဲလုံး တစ်ဆယ်သား ၁၂၀၀-၁၃၀၀ ကျပ်၊ ငါးခွေးလျှာတစ်ဆယ်သား ၁၅၀၀ ကျပ်ဈေးတို့ဖြင့် စားသုံးသူများ သည်။



